Burmese

Download this information (PDF File, 452.4 KB)

ReachDeck ကိရိယာကို အသုံးပြု၍ ကျွန်ုပ်တို့၏ ဝဘ်ဆိုက်ရှိ မည်သည့်အချက်အလက်ကိုမဆို ဘာသာပြန်ဆိုနိုင်ပါသည်။

ReachDeck အိုင်ကွန်ကို နှိပ်ပါ (ပုံမှန်အားဖြင့် သင့်ကွန်ပျူတာမော်နီတာဖန်ပြင်၏ ညာဘက်အပေါ်ထောင့်တွင် တွေ့ရသည့် စပီကာသင်္ကေတပါသော လိမ္မော်ရောင်အဝိုင်း)။

ReachDeck ကိရိယာဘား ပေါ်လာသောအခါ၊ ထောင့်မှန်စတုဂံနှစ်ခုပါသော အိုင်ကွန်ကို နှိပ်ပါ (ဘယ်ဘက်မှ စတုတ္ထပုံ)

သင့်ဘာသာစကားကိုရွေးရန်လုပ်ငန်းမျိုးစုံပြသော ဇယားမှဆွဲကျရန် ရွေးပါ။

သင်၏အခွင့်အရေးများကိုသိပါ -

ကွင်းစလန်၏ ခွဲခြားဆက်ဆံမှု ဆန့်ကျင်ရေးနှင့် လူ့အခွင့်အရေးဥပဒေများအတွက် သင့်လမ်းညွှန်

Queensland(ကွင်းစလန်း)တွင်၊ သင်၏အခွင့်အရေးများကို ခွဲခြားဆက်ဆံမှုနှင့် ခွဲခြားဆက်ဆံမှုကို တိုက်ဖျက်ရေးဥပ‌ဒေ ၁၉၉၁ ဖြင့်ကာကွယ်ထားပါသည်၊ ထိုဥပဒေသည် ခွဲခြားဆက်ဆံခြင်း၊ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ခြင်းနှင့် ညစ်ညမ်းခြင်းတို့ကို တားမြစ်ထားသည့် လူ့အခွင့်အရေးအက်ဥပဒေ ၂၀၁၉ ဖြစ်သည်၊ ထိုဥပဒေသည် Queensland (ကွင်းစလန်း) ရှိလူတိုင်းအတွက် အခွင့်အရေး ၂၃ ခု ကိုကာကွယ်ပေးသည်။

Queensland (ကွင်းစလန်း) ၏ လူ့အခွင့်အရေးဥပဒေများသည် လူတိုင်း၏အောက်ပါအခွင့်အရေးများကို ကာကွယ်သည်-

လူ့အခွင့်အရေးအက်ဥပဒေဆိုသည်မှာ Queensland (ကွင်းစလန်း)ပါလီမန်သည် ဥပဒေများပြုလုပ်သည့်အခါ သို့မဟုတ် ပြောင်းလဲသည့်အခါတွင် အဆိုပါအခွင့်အရေးများကို ထည့်သွင်းစဉ်းစားရန် လိုအပ်ပြီး အများသူငှာ အဖွဲ့အစည်းများသည် ၎င်းတို့လုပ်ဆောင်ခြင်း သို့မဟုတ် ဆုံးဖြတ်ချက်များချသည့်အခါတွင် အဆိုပါအခွင့်အရေးများနှင့် ကိုက်ညီမှုရှိရန် လိုအပ်သည်။

ပြည်သူအများသူငှာဌာနများသည် Queensland (ကွင်းစလန်း)အတွက် ဝန်ဆောင်မှုများပေးသည်။

အစိုးရဌာနများတွင် ပြည်နယ်အစိုးရဌာနများ ပါဝင်သည်၊ ဝန်ကြီးများ၊ အစိုးရကျောင်းများ၊ ပြည်သူ့ဆေးရုံများ၊ Queensland(ကွင်းစလန်း) ရဲဝန်ဆောင်မှု၊ ဒေသဆိုင်ရာ ကောင်စီများ၊ ကောင်စီဝင်များနှင့် ပြည်သူ့ဝန်ထမ်းများ ပါဝင်သည်။

အစိုးရကိုယ်စား ပြည်သူ့ဝန်ဆောင်မှုများပေးသည့် အစိုးရမဟုတ်သော အဖွဲ့အစည်းအချို့ကိုလည်း အများသူငှာ အဖွဲ့အစည်းများအဖြစ် မှတ်ယူကြသည် - ဥပမာ၊ အကျိုးအမြတ်မယူသော အဖွဲ့အစည်းသည် အများသူငှာ အိမ်ရာဝန်ဆောင်မှုကို ပေးဆောင်သည်။

လူ့အခွင့်အရေးအက်ဥပဒေဖြင့် အကာအကွယ်ပေးထားသည့် အခွင့်အရေးများသည် အကြွင်းမဲ့ မဟုတ်သောကြောင့် ၎င်းတို့တွင် ကျိုးကြောင်းဆီလျော်စွာ ကန့်သတ်ချက်များ သက်ရောက်နိုင်သည်။

Queensland (ကွင်းစလန်း)၏ ခွဲခြားဆက်ဆံမှု ဆန့်ကျင်ရေးဥပဒေ ဆိုလိုသည်မှာ သင့်ကို အောက်ပါအကြောင်းများကြောင့် ခွဲခြားဆက်ဆံခြင်း မပြုရဟု ဆိုလိုသည်-

သင်အောက်ပါများရှိသောအခါ-

ခွဲခြားဆက်ဆံမှု တိုက်ဖျက်ရေးဥပဒေသည် လူမျိုး၊ ဘာသာ၊ လိင်စိတ်၊ လိင်လက္ခဏာများ သို့မဟုတ် ကျားမခွဲခြားမှုတို့ကို အခြေခံ၍ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ခြင်းနှင့် ညစ်ညမ်းစေခြင်းတို့ကိုလည်း တားမြစ်ထားသည်။

လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုသည် မည်သည့်နေရာတွင်မဆို ဥပဒေမဲ့ဖြစ်သည်။ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ခြင်းသည် လိင်သဘာဝအရ မလိုလားအပ်သော အပြုအမူတစ်ခုဖြစ်သည်။ ၎င်းတွင် လိင်ပိုင်းဆိုင်ရာ ထိတွေ့ဆက်ဆံမှု၊ ဖိတ်ခေါ်ခြင်းမရှိသော လိင်ပိုင်းဆိုင်ရာ အဆိုပြုချက်များနှင့် လိင်ပိုင်းဆိုင်ရာ အဓိပ္ပာယ်ဖွင့်ဆိုချက်များကဲ့သို့သော ဖိတ်ခေါ်ခြင်းမရှိသော ရုပ်ပိုင်းဆိုင်ရာ ရင်းနှီးကျွမ်းဝင်မှုတို့ ပါဝင်သည်။

စော်ကားခြင်းသည် လူတစ်ဦး သို့မဟုတ် လူတစ်စုအား ၎င်းတို့၏လူမျိုး၊ ဘာသာရေး၊ လိင်ပိုင်းဆိုင်ရာ သို့မဟုတ် ကျားမခွဲခြားမှုတို့ကြောင့် အမုန်းပွားစေခြင်း၊ မထီမဲ့မြင်ပြုခြင်း သို့မဟုတ် ပြင်းထန်စွာ လှောင်ပြောင်ခြင်းတို့ကို လှုံ့ဆော်သည့် လူသိရှင်ကြား လုပ်ရပ်တစ်ခုဖြစ်သည်။ ၎င်းတွင် ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ခြိမ်းခြောက်မှု ပါ၀င်ပါက ရာဇ၀တ်မှုဖြစ်သည်။

ကျွန်ုပ်တို့ကို ဆက်ဆွယ်ပါ

အကယ်၍ သင်သည် ခွဲခြားဆက်ဆံခံရခြင်း သို့မဟုတ် လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ခြင်း သို့မဟုတ် လူသိရှင်ကြား ရှုတ်ချခြင်း သို့မဟုတ် အများသူငှာ အဖွဲ့အစည်းတစ်ခုမှ သင့်အခွင့်အရေးများကို ကျိုးကြောင်းဆီလျော်စွာ ကန့်သတ်ထားပါက၊ သင်သည်Queensland(ကွင်းစလန်း)လူ့အခွင့်အရေးကော်မရှင်ထံ တိုင်ကြားနိုင်ပါသည်။

ဥပဒေနှင့် ခွဲခြားဆက်ဆံမှု သို့မဟုတ် လူ့အခွင့်အရေးဆိုင်ရာ တိုင်ကြားချက်တစ်ခု ပြုလုပ်ပုံနှင့် ပတ်သက်သည့် အချက်အလက်ကို ကျွန်ုပ်တို့၏ ဝဘ်ဆိုက် www.qhrc.qld.gov.auတွင်ရရှိနိုင်ပါသည်။

အကယ်၍ သင်သည် လူမျိုးရေးခွဲခြားမှု သို့မဟုတ် ခွဲခြားဆက်ဆံခြင်းကို ကြုံတွေ့ခဲ့ရပါက၊ တရားဝင်တိုင်ကြားချက်တစ်ခုပြုလုပ်မည့်အစား ၎င်းကို www.qhrc.qld.gov.auတွင် ကျွန်ုပ်တို့ထံ သတင်းပို့ရန် ရွေးချယ်နိုင်သည်။

Queensland(ကွင်းစလန်း)ရှိ မည်သည့်နေရာမှမဆို ကော်မရှင်ကို တနင်္လာနေ့မှ သောကြာနေ့အထိ

၁၃၀၀ ၁၃၀ ၆၇၀ တွင် အခမဲ့ခေါ်ဆိုနိုင်ပါသည်။

အင်္ဂလိပ်မဟုတ်သော အခြားဘာသာစကားဖြင့် ကျွန်ုပ်တို့နှင့် စကားပြောလိုပါက၊သင်သည် Translationz ကို

၀၇ ၄၈၆၃ ၄၄၄၄ သို့ ဆက်သွယ်ခြင်းဖြင့် ၎င်း၏လိုလျှင်တောင်းဆိုနိုင်သော လုပ်ဆောင်မှုကိုရယူနိုင်သည်။

Back to top